SAMSUNG GALAXY GRAND 2 SM-G7102 ROOT လုပ်နည်း
ကဲဒီနေ့တော့ကျနော်တို့ Samsung Galaxy Grand 2 SM-G7102 ကို ROOT လုပ်ရအောင်
ပထမကျနော်တို့ Odin3-v3.07 နဲ့ CF-Auto-Roo ကိုဒေါင်းရမယ်အောက်မှာဒေါင်းလိုက်ပါ
DOWNLOAD
ဒေါင်းပြီးရင်ဖိုင်ကိုဖြေလိုက်ပါ ဖိုင်ဖြေလိုက်ရင်ဒီလိုရမယ်
ကွန်ပျူတာမှာတော့ SAMSUNG USB DRIVER တော့သွင်းထားရမယ်ဒါမှကွန်ပျူတာကဖုန်းကိုသိမှာ
USB DRIVER မရှိသေးရင်တော့အောက်မှာယူလိုက်ပါ
DOWNLOAD
အားလုံးစုံပြီဆိုရင်တော့ Odin3-v3.07 ကိုဖွင့်လိုက်ပါ ပြီးရင်သင့်ဖုန်းကို Download Mode ကိုဝင်ရမယ်
ပထမဆုံး ဖုန်းကို Power ပိတ်လိုက်ပါ ပြီးရင်
Volume Down + Home + Power ကိုပြိုင်တူနိပ်လိုက်ပါ အောက်ကပုံလိုမျိုး ဖုန်းတချက်တုန်သွားရင်
Power ခလုပ် ကိုလွတ်လိုက်ပါ Volume Down ခလုပ်နှင့် Home ခလုပ်ကိုဆက်နှိပ်ထားလိုက်ပါ
အောက်ကပုံလိုပေါ်လာသည်အထိ
အဲဒီလိုပေါ်လာရင် Volume Up ခလုပ်ကိုတချက်နှိပ်ပေးလိုက်ပါ ဒါဆိုရင်အောက်ကပုံလိုပေါ်လာလိမ့်မယ်
OK သင့်ဖုန်းကို USB ကြိုးအသုံးပြုပြီး ကွန်ပျူတာနှင့်ဆက်သွယ်လိုက်ပါ ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင်
Odin3-v3.07 မှာအောက်ကပုံလိုပေါ်လာလိမ့်မယ် ကွန်ပျူတာကဖုန်းကိုမသိရင်ဘာမှဆက်လုပ်လို့မရပါ
ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် PDA ဆိုတဲ့ဟာကိုတချက်ကလစ်ပြီး CF-Auto-Roo ဆိုတဲ့ဖိုင်ကိုသွားရွေး
ပေးလိုက်ပါ ပြီးရင် Start ကိုကလစ်ပေးလိုက်ပါ ခဏလေးစောင့်ပေးလိုက်ပါ
ဒီလိုပုံပေါ်လာပြီးရင်သင့်ဖုန်း Reboot ကျလိမ့်မယ်
ပြန်တက်လာရင်သင့်ဖုန်းဟာ ROOT ဖောက်ထားတဲ့ဖုန်းတလုံးဖြစ်သွားပါပြီ
ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးဖြစ်ပါတယ်
အဆင်ပြေပါစေ
http://thellchungthar.blogspot.com/ (သဲချောင်းသား)