Automatic Call Recorder Pro v3.66 APK



Android User များအတွက် Automatic Call Recorder ကောင်းကောင်းလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခု App လေးကို ကျွန်တော်လည်း သုံးကြည့်ဖူးပါတယ်။ အခုထိလည်း လိုအပ်ရင်အသုံးပြုနေစဲပါဘဲ။ User အတော်များများကတော့ ဘယ်လို App လည်းဆိုတာသိလောက်ပါတယ်။ မသိသေးသူများအတွက် အနည်း ငယ်ရှင်းပြပေးလိုက်ပါတယ်ဗျာ။ အခု Automatic Call Recorder Pro လေးကတော့ ဖုန်းပြောနေတဲ့အချိန် အတွင်းမှာ မိမိနဲ့ အခြားတစ်ဖက်နဲ့ဘာတွေပြောထားခဲ့လည်းဆိုတာကို Audio File လေးအဖြစ် မှတ်သား ထားပေးမှာဖြစ်ပါတယ်ဗျာ။ ဒီလောက်ဆိုရင်ဘယ်လိုအခြေအနေမျိုးတွေမှာ အသုံးပြုသင့်လည်းဆိုတာကို သိလောက်ပြီလို့ထင်ပါတယ်ဗျာ။ လိုအပ်မယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Screenshots :
 
 
 
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Do you like this post? Please link back to this article by copying one of the codes below

ZayPya New Version + Zapya တင်ပြီး Computer နဲ့ ဖုန်းကို ကြိုးမဲ့ဆက်သွယ်မယ် ( Trick 2014 )




Android Device မှာပဲဖြစ်ဖြစ်၊ iDevice မှာပဲဖြစ်ဖြစ် Zapya ဆိုတဲ့ File Transfer ဆော့ဝဲကို တော်တော်အသုံးပြုကြတယ်.. ဒါပေမယ့် ဖုန်းအချင်းချင်းသာ ဆက်သွယ်နေကြဆဲဖြစ်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုသူနည်းပါးပါသေးတယ်.. ဟိုတလောက Zapya For Windows PC ကိုတင်ပေးခဲ့ပါတယ်.. မသုံးတတ်လို့ဆိုပြီး ပြောပါတယ်.. အခု အခြေခံသမားတွေ  နားလည်လွယ်အောင် ပြောပြပါမယ်.. ကွန်ပျူတာက Wireless Adapter ရှိတဲ့ Laptop ဖြစ်ရပါမယ်.. Desktop မှာ Wireless Adapter တပ်ထားပြီး လုပ်လို့ရသလားတော့ မသိ...

ပထမဆုံး ကွန်ပျူတာအတွက် Zapya ကို အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။ 3.15 Mb ပဲရှိပါတယ်..

သင့်ဖုန်းမှာ ရော Zapya ရှိရဲ့လား.. မရှိရင် Android အတွက်တော့ အောက်ကလင့်မှာ Version အသစ်ထွက်တာလေး ဒေါင်းလိုက်ပါအုံး..
ပြီးရင်တော့ နှစ်ခုစလုံးမှာ Install လုပ်ထားပေါ့ဗျာ...

1. ကွန်ပျူတာက Zapya ကို Run ပါ.. ဒါဆိုရင် ကွန်ပျူတာနည်မည်နဲ့ Password ကို Zapya မှာ မြင်နေရမှာဖြစ်ပါတယ်..


2. ဖုန်းက Zapya ကို Run ပါ.. android လည်းရတယ်. iOS လည်းရတယ်နှော်.. ဖုန်းမှာ Search and Join ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် ဖုန်းမှာ အောက်ကလို -Win-ကွန်ပျူတာနာမည်-PC ဆိုတာကိုတွေ့ပါမယ်.. အဲဒါကိုနှိပ်ပါ.. Password တောင်းပါမယ်.. ကွန်ပျူတာ Zapya က Password ကိုထည့်ပေးလိုက်ပါ.. ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ အချိတ်အဆက်ရပါမယ်။



4. ဖုန်းက ကွန်ပျူတာကို ဖိုင်ပို့တာ လွယ်ပေမယ့် ကွန်ပျူတာက ဖုန်းကို ပို့တာတော့ Drag and Drop လုပ်ပြီးမှ ရွှေ့ပို့ရပါတယ်.. ကွန်ပျူတာမှာ ကိုယ်ပို့ချင်တဲ့ ဖိုင် Explorer ကိုဘေးချင်းယှဉ်တွဲဖွင့်ထားပြီး ဖိဆွဲကာ Zapya ထဲက ဆက်သွယ်ထားတဲ့ ပုံဆီရွှေ့ကာ လွှတ်လိုက်ပါ.. ဒါဆို ဖုန်းဆီ ရောက်သွားပါမယ်.


5. ကွန်ပျူတာရဲ့ Zapya မှာ Setting ချိန်ခြင်း
   (က) ကွန်ပျူတာ Zapya ရဲ့ နာမည်နဲ့ Password တွေကို ကိုယ်ကြိုက်တာ ပြောင်းလို့ရပါတယ်.. ပုံထဲကလို Password နဲ့ Inbox ကြားက > လေးကိုနှိပ်လိုက်ပါ..


  ပေါ်လာတဲ့ ဘောက်မှာ နာမည်နဲ့ Password ပြောင်းနိုင်ပါပြီ..


      (ခ ) နောက်တစ်ခုက ကွန်ပျူတာ Zapy ထဲကို ပို့လိုက်တဲ့ ဖိုင်တွေကို ဘယ်မှာ သိမ်းမလဲဆိုတာကိုလည်း ကိုယ်တိုင်သတ်မှတ်ပေးထားလို့ရပါတယ်.. သူ့မှာတော့ C:\Document\DewMobile\Zapy ထဲကို အလိုအလျောက် သိမ်းပေးပါတယ်.. ဒါကို ပြင်ဖို့ အပေါ်နားလေးက Setting icon လေးကိုနှိပ်လိုက်ပါ။


ပေါ်လာတဲ့အကွက်ထဲက Inbox Path ရဲ့ ညာဘက်က > ပုံလေးကိုနှိပ်ပြီး ကိုယ်ထားချင်တဲ့၊ သိမ်းချင်တဲ့နေရာကို ညွှန်းပေးနိုင်ပါပြီ..



ဒါဆိုရင်တော့ အခြေခံသမားတွေ သဘောပေါက်လောက်ပြီထင်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >

လေ့လာစရာ CPU အကြောင်း

 

Core i series code name များမှာ

1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။

Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ

Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်

1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..

5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..

7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...

Nehalem microarchitecture based

Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..

Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..

Sandy Bridge microarchitecture based

Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..


Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..


Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..

 

 

Intel Core i family

Intel Core i family တွေမှာ code name တွေအားဖြင့် Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Brand name အားဖြင့် Core i7, Core i5, Core i3 ဆိုပြီးရှိတယ်။ Xeon series တွေလည်းပါဝင်ပေမယ့် ကျွန်တော်တို့နဲ့အလှမ်းဝေးတဲ့အတွက် မဖော်ပြတော့ဘူး။ သူတို့မှာ desktop သုံးအတွက် LGA 1366 နဲ့ LGA 1156 socket နှစ်ခုရှိတယ်။ LGA 1366 သုံး CPU တွေက DDR3 ကို triple channel ထိအသုံးပြုနိုင်တယ်။ LGA 1156 သုံး CPU တွေက dual channel ပဲရတယ်။ Hyperthreading နည်းပညာကိုပြန်လည်အသုံးပြုလာတယ်။

 CPU speed ကိုမြှင့်တင်နိုင်ဖို့အတွက် Turbo boost ကို ထည့်သွင်းလာတယ်။ ဒါပေမယ့် Core i3 တွေမှာတော့ပါမလာဘူး။ Desktop version နဲ့ Mobile version ဆိုပြီးတော့လည်း ခွဲထားသေးတယ်။ Laptop, Notebook တွေမှာ core i5, i3 ဆိုတိုင်း desktop CPU တွေနဲ့အတူတူလို့မှတ်ယူလို့မရဘူး။ အရင်က FSB တွေအစား Quick Path Interface (QPI) နဲ့ Direct Media Interface (DMI) ကိုအစားထိုးသုံးစွဲလာတယ်။

Gulftown
Gulftown ဟာ Core i7 family ထဲမှာအမြင့်ဆုံးလို့ဆိုနိုင်တယ်။ စစဦးပိုင်းမှာ core i9 လို့ခေါ်တွင်ပေမယ့် နောက်ပိုင်းမှာ core i7 extreme edition အနေနဲ့ရောင်းချတယ်။ သူမှာ core 6 ခုပါဝင်ပြီး Hyperthreading နည်းပညာကိုထည့်သွင်းထားတယ်။ ဒါကြောင့် core တစ်ခုစီကို thread နှစ်ခုနှုန်းနဲ့ core 12 ခုစာအလုပ်လုပ်တယ်။ Nehalem Microarchitecture အစား Westmere Microarchitecture ကိုသုံးထားတယ်။ Process အားဖြင့် 32nm ဖြစ်တယ်။ သူ့ကိုအဓိကအားဖြင့် workstation တွေနဲ့ extreme desktop system တွေမှာသုံးတယ်။ socket က LGA 1366 ဖြစ်တယ်။ 

သူ့ကို Brand name အရ Core i7 9xx, Core i7 9xxX နဲ့ Xeon processor အတွက် Xeon 36xx, Xeon 56xx တို့ဖြစ်တယ် (xx သည် speed ပေါ်မှုတည်၍ နံပါတ်ပြောင်းသည်ကိုဆိုလိုသည်။ L3 Cache က 12 MB ရှိတယ်။ Thermal Design Power (TDP) က 130 Watt ရှိတယ်။ L2 cache က core တစ်ခုစီကို 256MB ရှိတယ်။


Bloomfield
Bloomfield CPU တွေက High end desktop တွေအတွက်ရည်ရွယ်တယ်။ Core i7 CPU တွေဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx လို့ပေးထားတယ်။ သူက LGA 1366 socket MB တွေမှာတပ်ဆင်နိုင်တယ်။ သူ့မှာ core လေးခုပါဝင်တယ်။ On-die memory controller ပါဝင်လာပြီး memory က CPU နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်တယ်။ ကျွန်တော်တို့တွေ့နေကြ FSB အစား Intel QuickPath Interface ကိုသုံးထားတယ်။ L1 cache မှာ instruction နဲ့ data အတွက် core တစ်ခုကို 32KB စီပါဝင်တယ်။ L2 cache မှာ Instruction နဲ့ data အတွက် နှစ်ခုပေါင်း 256 KB ကို core တစ်ခုစီအတွက်ထည့်ပေးထားတယ်။ L3 cache က 8MB ပါဝင်ပြီး CPU တစ်ခုလုံးအတွက် ဖြစ်တယ်။ 

Single-die device ဖြစ်တယ်။ Core ၄ခု, Memory controller နဲ့ cache တွေအားလုံးကို die တစ်ခုထဲမှာပေါင်းထည့်ထားတယ်။ Turbo boost technology ပါဝင်လာပြီးသူက core တွေကို တစ်ဆင့်ကို 133MHz နှုန်းနဲ့ အပူချိန်နဲ့ voltage ကိုက်သည်အထိမြှင့်ပေးနိုင်တယ်။ ဟိုးအရင်က CPU တွေမှာအသုံးပြုခဲ့တဲ့ Hyper Threading ကိုပြန်လည်သုံးထားတယ်။ ဒါကြောင့် core တစ်ခုကို thread နှစ်ခုစီနဲ့ core 8 ခုပုံစံနဲ့အလုပ်လုပ်နိုင်တယ်။ ထုက်လုပ်မှုပုံစံမှာ 45nm process ဖြစ်တယ်။ transistor ပေါင်း 731 Million ပါဝင်ပြီး size က 263 mm2 ဖြစ်တယ်။

Lynnfield
Lynnfield အမျိုးအစားတွေမှာ Corei7 နဲ့ Core i5 တွေပါဝင်တယ်။ သူက Core ၄ ခုပါဝင်ပြီး LGA 1156 socket ကိုသုံးတယ်။ Brand name အရ Core i7 8xx, i7 8xxK, i7 8xxS , Core i5 7xx, i5 7xxS လို့သက်မှတ်ထားတယ်။ Xeon တွေအတွက် က 34xx ဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45 nm process နဲ့ထုက်လုပ်တယ်။ သူမှာတော့ core i7 အတွက် hyperthreading ပါဝင်ပြီး၊ Core i5 တွေအတွက်တော့ Hyperthreading ပါဝင်မလာဘူး။ Bloomfield i7 တွေနဲ့ကွာခြားချက်ကတော့ LGA 1156 သုံးထားပြီး Quick path အစား direct media interface ကိုသုံးထားတယ်။ Lynnfield တွေမှာ Direct Media Interface, Memory controller, PCI E links တွေပါဝင်တယ်။ L2 cache က core တစ်ခုစီအတွက် 256 KB နဲ့ L3 Cache က 8MB ပါဝင်တယ်။

Clarkfield
Clarkfield တွေက Lynnfield တွေရဲ့ mobile version တွေဖြစ်ပြီးသူတို့ကို laptop, notebook စတာတွေမှာသုံးတယ်။ Clarkfield တွေက mPGA 989 socket ကိုသုံးပါတယ်။ သူမှာတော့ core i7 ပဲရှိတယ်။ Brand name အရ Core i7 7xxQM, i7 8xxQM, i7 9xxXM Extreme Edition တွေဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45nm process နဲ့ထုက်လုပ်ထားတယ်။ L2 cache က core တစ်ခုစီအတွက် 256KB ဖြစ်ပြီး L3 cache က i7 9xxXM အတွက် 8MB နဲ့ 7xxQM, 8xxQM တွေအတွက် 6MB ဖြစ်တယ်။ သူ့မှာလည်း DMI, PCI E links, Memory controller စတာတွေထည့်သွင်းထားတယ်။

Clarkdale
Clarkdate အမျိုးအစားတွေက Core i5 နဲ့ core i3 CPU တွေဖြစ်တယ်။ သူတို့လည်းပဲ LGA 1156 ကိုသုံးတယ်။ Nahalem Microarchitecture ကိုအခြေခံပြီး 32 nm process နဲ့ထုက်လုပ်တယ်။ Core ကတော့ ၂ခုပဲပါဝင်တယ်။ Brand name အရ i3 5xx, i5 6xx တို့ဖြစ်တယ်။ Xeon အတွက်ကတော့ L340x ဖြစ်တယ်။ L2 cache က core တစ်ခုစီအတွက် 256KB ရှိပြီး၊ L3 cache က 4MB ရှိတယ်။ သူ့မှာလည်း Integrated graphic, memory controller, PCI Express links တွေကိုထည့်သွင်းပေးထားတယ်။

Arrandale
Arrandale တွေက Clarkdale တွေရဲ့ mobile version တွေဖြစ်တယ်။ သူ့မှာတော့ Core i7, Core i5, Core i3 တွေရှိတယ်။ သူကတော့ Westmere Microarchitecture ကိုအခြေခံပြီး 32nm process နဲ့ထုက်လုပ်တယ်။ socket က mPGA 989 ဖြစ်တယ်။ Brand name တွေအားဖြင့် i7 6xxUM, i7 6xxUE, i7 6xxLM, i7 6xxLE, i7 6xxM, i7 6xxE တွေ၊ i5 5xxUM, i5 4xxM, i5 5xxM, i5 5xxE တွေနဲ့ i3 3xxM တို့ရှိတယ်။ Core ၂ ခုပါဝင်ပြီး L2 cache က core တစ်ခုစီအတွက် 256 KB ရှိတယ်။ L3 cache က i5 တွေအတွက် 3MB နဲ့ i7 တွေအတွက် 4MB ဖြစ်တယ်။ သူဟာလည်း Integrated Graphic, DMI, PCI E links တွေပါဝင်ပါတယ်။


Core i family ကို code name တွေနဲ့ရှင်းပြပြီးပြီး။ သူတို့ကို Brand name တွေအရပြန်လည်ဖော်ပြပေးထားပါတယ်။
Credit : http://burmaitshare.blogspot.com

ဖုန်းအချင်းချင်း Data Share ရာမှာ မြန်ဆန်တဲ့ - Zapya v2.2 (Latest Version)



Cover art

Zapya ကတော့ Android User တိုင်းသိထားပြီးသား Data Share တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ Paypal မှာတောင် Version 2.1 ဘဲရှိသေးတယ်ဗျာ။ ကျွန်တော်အခုတင်ပေးလိုက်တာက v2.2ပါ။ အခု Version ကို  အသစ်သုံးချင်သောဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ မသိသေး သူများကိုရှင်းပြရမယ်ဆို ရင်တော့ Bluetooth လိုပုံစံမျိုးပါဘဲ။ Bluetooth ထက်တော့အဆပေါင်း များစွာမြန် ဆန်စွာ Hand Set တစ်ခုနှင့် တစ်ခု Data တွေကို Share နိုင်ပါတယ်။ ဖိုင်ဆိုဒ်ကြီးတဲ့ Data တွေကို Share မယ်ဆိုရင် အချိန်ကုန် သက်တာတာပေါ့ဗျာ။ အခြားသော တရုပ် Tablet တွေ မှာဆို ရင် Bluetooth မပါ ပါဘူး အဲလိုမျိုး Tablet တွေ Hand Set တွေမှာ Zapya ကိုမရှိမဖြစ်ဆောင်ထားဖို့လိုအပ်ပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။



ကွန်ပြူတာမှာဘာတွေလုပ်သွားလည်း ဆိုတာကိုပြန်စစ်ပေးနိုင်တဲ့ - QFX KeyScrambler Premium



AP6wM 

မိမိကွန်ပြူတာမှာ ဘာတွေလုပ်သွားလည်း ဆိုတာကိုပြန်စစ်ပေးနိုင်တဲ့ Software လေးတစ်ခုမျှဝေပေး လိုက် ပါတယ်ဗျာ။ QFX KeyScrambler Premium v3.3.0.4 ကတော့နောက်ဆုံးထွက် Version လေးပါဒီကောင်လေး က Keyboard ပေါ်မှာရိုက်ထားသမျှ စာလုံးအားလုံးကို မှတ်ထားပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဘယ်လိုနေရာမျိုးတွေမှာအသုံးပြုနိုင်သလည်းဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်ဗျာ။ ဒါပေမယ့် Keylogger နဲ့မတူဘူးနော်။ ဒါပေမယ့် Keylogger လုပ်ဆောင်ချက်နဲ့တော့ တော်တော်များများတူပါတယ်ဗျာ။ အမြဲတမ်းသုံးနိုင်အောင် Patch File ကိုပါထည့်ပေးထားပါတယ်ဗျာ။32bit ရော 64bit နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်ဗျာ။
 

KeyScrambler encrypts your keystrokes in the kernel and decrypts it at the destination application, leaving Keyloggers with indecipherable keys to record. For your personal office, family, and business, KeyScrambler adds a reliable layer of defense. It works even on security compromised computers. It is compatible with other security programs and authentication methods such as tokens and smart cards. It requires no effort on your part and lets you see encryption live. For web browsing + work + play. KeyScrambler Pro protects all your inputs in IE, Firefox, Opera, and Flock, and nearly 80 other browsers and apps: Popular Browsers; Email Clients; IM/VoIP Clients; Password Managers; Zip Programs; Online Games; New! Text Editors.
Premium:
The most complete protection.
If you work in public places often, use the information-sensitive applications a lot, or own a business, KeyScrambler Premium is what you need. KeyScrambler Premium starts the minute you turn on your computer and protects all your inputs in over 170 browsers and applications, adding a unique line of defense to your PC security system against online information theft.


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။



FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်မယ်






FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်မယ်.....

(မသိသေးတဲ.သူငယ်ချင်းတွေအတွက်ပါ)

ကျွန်တော်လုပ်တာတော. 100% ရပါတယ်

ဖုန်းနံပတ်လည်းမတောင်းပါဘူး

အကောင်.တစ်ခုပြီးတစ်ခုဖောက်လို.လည်းရပါတယ်

Gmail အကောင်.မရှိလည်းဖောက်လို.ရပါတယ်

လိုအပ်တာကတော.........

Phone setting >>Manange Application>>Facebook

ကို ( clear data ) လုပ်ရပါမယ်

နော်တစ်ခုကတော. မိမိဖုန်းမှာ Browser နှစ်ခုရှိထားရပါမယ်

Send code တောင်းတဲ.အခါမှာ မိမိ Mail ထဲမှ Code နံပက်ကို

ရိုက်ထည်.ပေးရပါမယ်

Mail ထဲမှာ တိုက်ရိုက် ပြုလုပ်လို.မရပါ

အောက်မှာ ပုံနဲ.တကွ ရှင်းပြပေးထားပါတယ်



















အဆင်မပြေရင် comment ပေးခဲ.ပါ

အဆင်ပြေခဲ.ရင်တော. Share လုပ်ပေးခြင်းဖြင်.ကူညီပါ

ဖြန်.ဝေပေးပါ ကိုလိုအခက်ခဲရှိတဲ.သူတွေကိုစာနာပေးပါ

MMUG က အကိုဆရာတွေအားလုံးကို ကျေးဇူုးအထူးတင်ပါသည်

Credit to Soe Yeyint

မြန်မာပြည်သား/ သူ တွေ ကိုယ်စား ကျေးဇူးတင်ပါတယ် Soe Yeyint

ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Related Posts Plugin for WordPress, Blogger...