ပထမဆုံး ကွန်ပျူတာအတွက် Zapya ကို အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။ 3.15 Mb ပဲရှိပါတယ်..
သင့်ဖုန်းမှာ ရော Zapya ရှိရဲ့လား.. မရှိရင် Android အတွက်တော့ အောက်ကလင့်မှာ Version အသစ်ထွက်တာလေး ဒေါင်းလိုက်ပါအုံး..
ပြီးရင်တော့ နှစ်ခုစလုံးမှာ Install လုပ်ထားပေါ့ဗျာ...
1. ကွန်ပျူတာက Zapya ကို Run ပါ.. ဒါဆိုရင် ကွန်ပျူတာနည်မည်နဲ့ Password ကို Zapya မှာ မြင်နေရမှာဖြစ်ပါတယ်..

2. ဖုန်းက Zapya ကို Run ပါ.. android လည်းရတယ်. iOS လည်းရတယ်နှော်.. ဖုန်းမှာ Search and Join ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် ဖုန်းမှာ အောက်ကလို -Win-ကွန်ပျူတာနာမည်-PC ဆိုတာကိုတွေ့ပါမယ်.. အဲဒါကိုနှိပ်ပါ.. Password တောင်းပါမယ်.. ကွန်ပျူတာ Zapya က Password ကိုထည့်ပေးလိုက်ပါ.. ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ အချိတ်အဆက်ရပါမယ်။


4. ဖုန်းက ကွန်ပျူတာကို ဖိုင်ပို့တာ လွယ်ပေမယ့် ကွန်ပျူတာက ဖုန်းကို ပို့တာတော့ Drag and Drop လုပ်ပြီးမှ ရွှေ့ပို့ရပါတယ်.. ကွန်ပျူတာမှာ ကိုယ်ပို့ချင်တဲ့ ဖိုင် Explorer ကိုဘေးချင်းယှဉ်တွဲဖွင့်ထားပြီး ဖိဆွဲကာ Zapya ထဲက ဆက်သွယ်ထားတဲ့ ပုံဆီရွှေ့ကာ လွှတ်လိုက်ပါ.. ဒါဆို ဖုန်းဆီ ရောက်သွားပါမယ်.

5. ကွန်ပျူတာရဲ့ Zapya မှာ Setting ချိန်ခြင်း
(က) ကွန်ပျူတာ Zapya ရဲ့ နာမည်နဲ့ Password တွေကို ကိုယ်ကြိုက်တာ ပြောင်းလို့ရပါတယ်.. ပုံထဲကလို Password နဲ့ Inbox ကြားက > လေးကိုနှိပ်လိုက်ပါ..

ပေါ်လာတဲ့ ဘောက်မှာ နာမည်နဲ့ Password ပြောင်းနိုင်ပါပြီ..

(ခ ) နောက်တစ်ခုက ကွန်ပျူတာ Zapy ထဲကို ပို့လိုက်တဲ့ ဖိုင်တွေကို ဘယ်မှာ သိမ်းမလဲဆိုတာကိုလည်း ကိုယ်တိုင်သတ်မှတ်ပေးထားလို့ရပါတယ်.. သူ့မှာတော့ C:\Document\DewMobile\Zapy ထဲကို အလိုအလျောက် သိမ်းပေးပါတယ်.. ဒါကို ပြင်ဖို့ အပေါ်နားလေးက Setting icon လေးကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့အကွက်ထဲက Inbox Path ရဲ့ ညာဘက်က > ပုံလေးကိုနှိပ်ပြီး ကိုယ်ထားချင်တဲ့၊ သိမ်းချင်တဲ့နေရာကို ညွှန်းပေးနိုင်ပါပြီ..

ဒါဆိုရင်တော့ အခြေခံသမားတွေ သဘောပေါက်လောက်ပြီထင်ပါတယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >